ပိုကောင်းတဲ့ ငွေလဲနှုန်းနဲ့ ပိုသက်သာတဲ့ ပို့ခနဲ့ ငွေပို့ရန်
Singtel Dash အက်ပ်ကို အသုံးပြုပါ။
ငွေပို့တိုင်း Dash ဆုမှတ်များကို ရယူလျက်
စွဲမက်စရာ လက်ဆောင်များကို ရွေးယူပါ။
ထို့အပြင်၊ ရက် 30 အခမဲ့ ကာကွယ်ပေးမယ့် အာမခံကို ရယူပါ။
Singtel ဖြင့် လုံခြုံစွာ ငွေပို့ပါ
Dash Remit ဖြင့် ကျွန်ုပ်တို့ မိတ်ဖက်များထံ ငွေပို့ပါ
ပြသထားတဲ့ ကုန်အမှတ်တံဆိပ်များ၊ ကုန်သွယ်မှု အမည်များနှင့် လိုဂိုများ (“ကုန်အမှတ်တံဆိပ်များ”)ကို သက်ဆိုင်သူတို့ ပိုင်ဆိုင်ပါတယ်။ Singtel Dash နှင့် ဆက်နွှယ်ကြောင်း သို့မဟုတ် ထောက်ခံကြောင်း ယူဆမရနိုင်သလို၊ Singtel မပိုင်ဆိုင်တဲ့ ကုမ္ပဏီ၊ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု တစ်ခုခုနှင့် ဆက်စပ်ပြီး Singtel ၏ ကုန်အမှတ်တံဆိပ်ကို Singtel အား သိက္ခာကျစေရန် သို့မဟုတ် သုံးစွဲသူများစိတ်ထဲ ရောထွေးစေရန် မသုံးသင့်ပါ။
သမဝါယမဘဏ်
ကမ္ဘောဇဘဏ်
မြန်မာနိုင်ငံသားများဘဏ်
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်
ဧရာဝတီဘဏ်
ဧရာဝတီတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်
မြန်မာ့ရှေ့ဆောင်ဘဏ်
မြန်မာအရှေ့တိုင်းဘဏ်၊
ယူနိုင်တက် အမရဘဏ်
ရိုးမဘဏ်
ငွေကို ဘာဖြစ်လို့ Dash Remit ဖြင့် ပို့ရမှာလဲ?
သင့်မိုဘိုင်းဖုန်းဖြင့် ကြိုက်ရာဒေသမှ သင့်အတွက် အဆင်ပြေတဲ့ အချိန်မှာ နိုင်ငံတကာသို့ စိတ်ချလုံခြုံစွာ ငွေလွှဲပို့နိုင်ပါပြီ။
ငွေလွှဲတိုင်း ပိုကောင်းတဲ့ ငွေလဲလှယ်နှုန်းနှင့် သက်သာတဲ့ ပို့ခနှုန်းကို ရရှိခံစားနိုင်မှာပါ။
ကိုယ်က စင်ကာပူမှာ အလုပ်လုပ်နေစဉ် အမိနိုင်ငံမှာ ကျန်ရစ်ခဲ့ကြသူတို့ရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ စိတ်အချရဆုံး နည်းလမ်းပါပဲ။
ငွေပြန်ရမယ့် အာမခံချက်ရှိလို့
လုံခြုံ စိတ်ချရတယ်
စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့မှ လိုင်စင် ထုတ်ပေးပြီး ကြီးကြပ်ထားတာပါ
ပို့ခ သက်သာ၊
ငွေလဲလှယ်နှုန်း ပိုကောင်း
ဖုန်းကွယ်ထားတဲ့ ပို့ခမပါဘဲ
ပိုပြီးလွှဲပို့နိုင်ပါပြီ
Dash ဆုမှတ်များ
ရယူပါ
ငွေပို့တိုင်း ဆုမှတ် 50 ရယူလျက် စွဲမက်စရာ ဆုအများထဲက ရွေးယူပါ။
ပိုပြီး စုပါ။ ပိုပြီး ငွေပို့ပါ။
Dash မှတစ်ဆင့် သက်သာတဲ့ ပို့ခနှင့် သိပ်ကောင်းတဲ့ ငွေလဲလှယ်နှုန်းကြောင့် ငွေကိုပိုစုမိလို့ မြန်မာနိုင်ငံရှိ ကိုယ့်ချစ်သူများထံ ပိုပြီးပို့ပေးပါ။
*မှတ်ချက်- ဖေါ်ပြထားတဲ့ ငွေလဲလှယ်နှုန်းမှာ မတ် 7၊ 2022 အတွက်ပါ။ နောက်ဆုံး ငွေလဲလှယ်နှုန်းအတွက် Dash အက်ပ်မှာ ရှာကြည့်ပါ။
ယခုဝဘ်ဆိုက်တွင် ဖေါ်ပြထားသည့် ငွေလဲလှယ်နှုန်းနှင့် ငွေပမာဏများ အပါအဝင် အသေးစိတ်များမှာ သိရှိစေရန် ရည်ရွယ်ချက် သက်သက်အတွက်သာ ဖြစ်ပြီး၊ စုစုပေါင်း ပို့ငွေနှင့် ငွေလဲလှယ်နှုန်းကို Singtel မှ အာမခံထားမှုဟု မည်သို့မှ ယူဆမရနိုင်ပါ။ ယခုဝဘ်ဆိုက်တွင် ဖေါ်ပြထားသည့် အချက်အလက်များကို ယုံကြည်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘယ်ဆုံးရှုံး နစ်နာမှုအတွက်မှ Singtel မှ တာဝန်မယူနိုင်ပါ။ အချိန်နှင့်တပြေးညီ ပြောင်းလဲနေလို့၊ နောက်ဆုံး အချက်အလက်များကို သိရှိရန် သက်ဆိုင်ရာ ဝန်ဆောင်မှု ပေးသူထံတွင် စုံစမ်းယူရန် သင့်အား အကြံပေးပါရစေ။
Dash ကို ယခု ဒေါင်းလုဒ်ယူပါငွေပို့မှုကို ခြေလှမ်း 5 ခုဖြင့် စတင်ပါ

Singtel Dash ကို ဒေါင်းလုဒ်ယူပါ
Singtel Dash ကို App Store၊ Google Play store သို့မဟုတ် HUAWEI AppGallery မှ ဒေါင်းလုဒ်ယူပါ။
ဒေါင်းလုဒ်ယူပြီးတာနှင့် Singtel Dash အကောင့်ကို လက်မှတ်ထိုးဖွင့်ပါ။

ငွေပို့ရန် မှတ်ပုံတင်ပါ
ငွေပို့ရန်အတွက် Dash အက်ပ်ထဲတွင် ဆက်ပြီး
Remit > Register for remittance ကို ရွေးပါ

ငွေလက်ခံမယ့်သူကို ထည့်ပါ
သင့် ငွေလွဲပို့မှုကို လက်ခံမယ့်သူကို ထည့်ပေးရန်၊ သင်ရဲ့ Dash အက်ပ်ကို ဖွင့်ပါ။
Remit > Overseas > Add a Recipient ကို ရွေးပါ

သင်ရဲ့ Dash လက်ကျန်ငွေကို ထပ်ဆောင်းပေးပါ
Dash အက်ပ်ထဲတွင် PayNow VPA/ PayNow QR, bank account or OCBC PayAnyone. ထို့အပြင် 7-Eleven, AXS စက်, Sheng Siong $TM, SoCash, Singtel Shop, နှင့် Singtel အထူး လက်လီဆိုင်များတွင်။

ငွေပို့ရန်
Remit > Select
Recipient > Send Money ကို ရွေးပါ
မေးနေကျ မေးခွန်းများ (FAQများ)
သင်ဟာ အောက်ပါ ဘဏ်များရှိ အကောင့်များသို့ ငွေပို့နိုင်ပါတယ်-
- သမဝါယမဘဏ်
- ကမ္ဘောဇဘဏ်
- မြန်မာနိုင်ငံသားများဘဏ်
- အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်
- ဧရာဝတီဘဏ်
- ဧရာဝတီတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်
- မြန်မာ့ရှေ့ဆောင်ဘဏ်
- မြန်မာအရှေ့တိုင်းဘဏ်၊
- ယူနိုင်တက် အမရဘဏ်
- ရိုးမဘဏ်
ငွေတစ်ကြိမ်ပို့တိုင်း၊ ပို့ငွေပမာဏမရွေး၊ ပို့ခ SGD 5.00 ပေးရပါမယ်။
Singtel Dash တွင် အတတ်နိုင်ဆုံး အကောင်းဆုံး ငွေလဲလှယ်နှုန်းကို ပေးရန် ကျွန်ုပ်တို့ ကြိုးစားပါတယ်။ SGD အတွက် ကျပ်ငွေ လဲလှယ်နှုန်းကို ဈေးကွက်အခြေအနေအရ ညှိပေးရတာပါ။ လက်ရှိ ငွေလဲလှယ်နှုန်းကို သိရှိရန် သင့် Singtel Dash အက်ပ်ကို ဖွင့်ပြီး Remit ကို ရွေးပါ။
CB ဘဏ်နှင့် KBZ ဘဏ်ထံ ပို့ငွေ ချက်ချင်း ရောက်ရှိမှာပါ။
အခြားဘဏ်များထံ ပို့လိုက်တဲ့ ငွေပမာဏဟာ လက်ခံသူရဲ့ အကောင့်ထဲ ရောက်ဖို့ မြန်မာဘဏ် ဖွင့်ရက် 3 ရက် ကြာပါမယ်။
Singtel Dash အက်ပ်ကို သင် ဒေါင်းလုဒ်ယူပြီးတာနှင့် အက်ပ်ထဲမှာပဲ အကောင့်ကို လက်မှတ်ထိုးဖွင့်လိုက်ပါ။
ပြီးတာနှင့်၊ သင်ဟာ ငွေပို့ရန် မှတ်ပုံတင်နိုင်ပါပြီ၊ Dash အက်ပ်ထဲမှာ Send Money>Register for remittance ကို ရွေးလိုက်ကာ နောက်ပိုင်း ခြေလှမ်းတွေကို လိုက်လုပ်ပြီး တင်ပေးလိုက်ပါ။
ငွေပို့ရန် သင့် အကောင့်ကို အတည်ပြုပေးလိုက်ချိန်မှာ၊ add a recipient ကို ရွေးလိုက်ပြီး ငွေစပို့နိုင်ပါပြီ။